Hello Literary enthusiasts …🙋♂️📚
Facebook Pageအနေနဲ့မထောင်ခင် အရင်က ကိုယ့်နီးစပ်ရာမိတ်ဆွေတွေကို ဆွေးနွေးတိုက်တွန်းရင်း ဖတ်ဖူးသမျှလေးတွေဝေမျှခဲ့ဖူးပါတယ်။
ရည်ရွယ်ချက်ကတော့ ကိုယ်ဖတ်ခဲ့တာတွေ မှတ်တမ်းအနေနဲ့ထားချင်တာရော လူငယ်တစ်ယောက်အနေနဲ့ ကိုယ်ဖတ်ခဲ့တာတွေအပေါ်အမြင်ကိုဝေမျှချင်တာရယ်၊စာအုပ်ကောင်းလေးတွေဆိုလက်တို့ချင်တဲ့ ဗီဇလေးလည်းပါမယ်ထင်ပါတယ်။
Pageအနေနဲ့ထောင်ဖို့ တွန်းအားဖြစ်ခဲ့တာတော့ ကျနော်ချစ်ပြီးလေးစားတဲ့သူတွေရဲ့တိုက်တွန်းမှုကြောင့်ပါ။စာအုပ်တွေ စျေးအဆမတန်ကြီးမားလာတဲ့ခေတ်မှာ လိုချင်တဲ့စာအုပ်ကောင်းတွေကို စျေးချိုချိုရနိုင်ဖို့ လိုင်းပေါ်မှာမွှေနှောက်ရှာခဲ့ရသလို ရှားပါးမလို့ စျေးကြီးပေးဝယ်ခဲ့ရတာတွေလည်းရှိပါတယ်။
ရှာတွေ့တော့လည်း မပြီးသေးပါဘူး။ဝင်ငွေမရှိဘဲ မှီခိုနေရဆဲ လူငယ်တစ်ယောက်အတွက် Financial supportအဓိကလိုပါတယ်။အဲ့ဒီလိုအပ်ချက်ကို ကြည်ကြည်ဖြူဖြူဖြည့်ဆည်းပေးတဲ့ မိဘနှစ်ပါးရယ်၊ကျနော်ချစ်ရတဲ့စာဖတ်ဖို့အားပေးတဲ့ အမျိုးတွေ၊စာအုပ်ဝယ်ဖို့ဆို စိတ်ဝင်တစား အဖော်လိုက်ပေးကြ၊ ဝါသနာကို တစ်ထောင့်တစ်နေရာကနေပံ့ပိုးပေးကြတဲ့ ကျနော့်ချစ်သူမိတ်ဆွေအပေါင်းအသင်းတို့ကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။
စာအုပ်တစ်အုပ်ဟာ ကိုယ်လိုချင်တဲ့Tasteနဲ့ကိုက်ညီမှုရှိမရှိ ဆုံးဖြတ်နိုင်ဖို့အထောက်အကူပြုတယ်၊ စာဖတ်ချင်စိတ်ကို လှုံ့ဆော်ပေးနိုင်မယ်ဆို pageထောင်ရတဲ့ရည်ရွယ်ချက်ပြည့်ဝပါပြီခင်ဗျာ။လိုအပ်ချက်တွေ၊မတူတဲ့ရှုထောင့်အမြင်တွေဝေဖန်ဆွေးနွေးလိုရင် ဝမ်းမြောက်ဝမ်းသာကြိုဆိုနေပါတယ်ဗျ။စာဖတ်ပြီးတိုင်း reviewရေးဖြစ်ဖို့pageကိုဆက်runသွားနိုင်ဖို့ကြိုးစားပါဦးမယ်🙏🏻
0 Comments